Posts

၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၃၄ မိနစ် ) ‌(၈) နှစ်လောက် ခံစားခဲ့ရတဲ့ ဒူးနာရောဂါကို (၅) ရက်အတွင်းပျောက်တဲ့ နည်းလမ်းလေး

Image
“ကျောက်ချဉ််နှင့် လက်ဖက်အသားအစို ” (၈) နှစ်လောက်် ခံစားခဲ့ရတဲ့ ဒူးနာရောဂါ ကို (၅)ရက်လောက် ကုလိိုက်တာ သက်သာပျောက်ကင်းသွားတဲ့ဆိုတဲ့ ကိိုယ်တွေ့ ဒူးနာပျောက် ဆေးနည်းလေးပါ။ မင်္ဂလာပါရှင််လက်တွေ့ လေးမို့ မျှဝေပါတယ်။ အဆင်ပြေမယ်ထင်ပါတယ်။ အမေက ခုထိ ဒူးနာတာ ၈ နှစ်ပါ။ အင်္ဂလိပ် မြန်မာ ဆေးနည်းလည်း စုံနေတာပါ။ ပြောသမျှ ပျောက်နိုး ကောင်းနိုးရာရ လိုက်သုံးတာလည်းကြာ ခုထိလည်းမသက်သာ။ အခုတော့ ညစဉ်် ဆေးစည်းပြီး အိပ်တာ ၅ ရက်မှာ အတော်ကိုသိသာပြီး သက်သာလာပါတယ်။ ငွေလည်းမကုန် ဘေးထွက်လည်း မရှိတာမို့ ဘာကြောင့်နာနာ စမ်းသုံးကြည့်ပါလို့။ ဆေးနည်းကတော့ လက်ဖက်အသားအစိိုနဲ့ ကျောက်ချဉ်ခဲ ကို ဆတူထောင်းပြီး နာနေတဲ့ ဒူးခေါင်းမှာ စည်းပေးထားလိုက်ပါ။ မနက်မှာ ပြန်ခွာ နောက်ညမှာ စည်းအိပ်ရုံလေးပါဘဲ။ ဝေဒနာရှင်များ သက်သာပျောက်ကင်းကြပါစေလို့။ “ကျောက်ချဉ်အစွမ်းနဲ့ဲ အမျိုးသမီးများ ကျန်းမာရေး အကြောင်းသိကောင်းစရာ” ရတနာချစ်သူ အမျိုးတွေအတွက် မှတ်သားမိသော စာစုထဲမှ အထူးအသုံး၀င်သော ကျောက်ချဉ် အကြောင်းကို ကျန်းမာရေးသည် လာဘ်တပါးလို့ အဆိုရှိသည့်အတိုင်းပဲ ကျန်းမာရေးကောင်း အတွက် အထူးကောင်းမွန်သောကျောက်ချဉ်ကို Alum လို့ ခေါ

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၁၈ မိနစ် ) အံ့သြသွားမယ့် ကြက်သွန်နီဥ ခြေဖဝါးလေးမှာကပ်ပြီး အိပ်ကြည့်ရင် ရမည့်အကျိုးကျေးဇူးများ

Image
အံ့သြသွားမယ့် ကြက်သွန်နီဥ ခြေဖဝါးလေးမှာကပ်ပြီး အိပ်ကြည့်ရင် ရမည့်အကျိုးကျေးဇူး ကြက်သွန်နီဟာ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရှိနေတဲ့အရာဖြစ်ပြီး ဟင်းတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။ အသုပ်တွေမှာလည်း ထည့်သုပ်ကြသလို ကြော်၍လည်း စားကြပါတယ်။ ကြက်သွန်ဟာ စားရုံသာမက ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်တာကြောင့် အိမ်သုံးဆေးဝါးအဖြစ်လည်း အသုံးပြုလို့ရပါသေးတယ်။ တရုတ်ရိုးရာဆေးနည်းမှာတော့ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီး အိပ်စက်ခြင်းဟာ ကောင်းကျိုးများစွာရှိတယ်လို့ ဆိုပါတယ်။ ခြေဖဝါးဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ အာရုံကြောတွေ စုဆုံရာအရပ်ဖြစ်ပါတယ်။ ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ကောင်းမွန်အောင် လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်က ကျန်အစိတ်အပိုင်းတွေကို ကျန်းမာစေတယ်လို့ တရုတ်ဆေးပညာမှာ ဖော်ပြထားပါတယ်။ ကြက်သွန်နီက သဘာဝ ပဋိဇီဝဆေးဖြစ်ပါတယ်။ ခြေဖဝါးအောက်မှာထားပြီး အိပ်ရင် ခြေဖဝါး၊ ခြေသည်းက အရေပြားမှိုစွဲတာတွေ ပျောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ကြက်သွန်နီမှာပါတဲ့ ဖော့စ်ဖောရစ် (phosphoric)အက်ဆစ်က သံလိုက်လိုစုပ်ယူပေးသွားဦးမှာပါ။ ရေဓာတ် ၉၀ ရာခိုင်နှ